KBZ Life Insurance
  • Home
  • About Us
  • Our Products
  • Contact Us
  • KBZ Pay Life Cover
  • FAQ
    • Home
    • About Us
    • Our Products
    • Contact Us
    • KBZ Pay Life Cover
    • FAQ
KBZ Life Insurance
  • Home
  • About Us
  • Our Products
  • Contact Us
  • KBZ Pay Life Cover
  • FAQ

Group LIFE ASSURANCE

ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ


ဤပေါ်လစီအရမည်သည်တို့ကိုအကာအကွယ်ပေးထားသနည်း
ကုမ္ပဏီများ၊ စက်ရုံများ၊ အလုပ်ရုံများနှင့် အသင်းအဖွဲ့များရှိ အလုပ်သမားများနှင့် ယင်းတို့၏ မိသားစုနောင်ရေး စိတ်ချမ်းသာစေရန် ကာကွယ်ပေးပါသည်။
ကုမ္ပဏီများ၊ စက်ရုံများ၊ အလုပ်ရုံများနှင့် အသင်းအဖွဲ့များရှိ အလုပ်သမားများနှင့် ယင်းတို့၏ မိသားစုနောင်ရေး စိတ်ချမ်းသာစေရန် ကာကွယ်ပေးပါသည်။


အကာအကွယ်ရရှိနိုင်သည့်ဘေးအန္တရာယ်များ
ဤပေါ်လစီအရ အာမခံသက်တမ်းကာလအတွင်း အလုပ်သမား၏ အောက်ပါဖြစ်ရပ်များအတွက် အကာအကွယ် ပေးပါသည်။

  • သေဆုံးခြင်း
  • ဒါဏ်ရာရရှိခြင်း


ဤပေါ်လစီအရအကျုံးမဝင်သောအဓိက ကိစ္စရပ်များမှာ

မိမိကိုယ်ကို သတ်သေခြင်း

· မူးယစ်ဆေးဝါးသုံးစွဲခြင်း

  • အာမခံထားသူများစာရင်းတွင်ပါဝင်သည့်      အလုပ်သမားတစ်ဦးဦးသည် လုပ်ငန်းခွင်မှ နှုတ်ထွက်သွားလျှင်သော်လည်းကောင်း၊ ထုတ်ပယ်ခြင်းခံရလျှင်သော်လည်းကောင်း၊      ယင်းနေ့ရက်နောက်ပိုင်းဖြစ်ပေါ်သည့် သေဆုံးခြင်းနှင့် ဒါဏ်ရာရရှိခြင်း
  • အာမခံထားသူကိုယ်တိုင်      ပြစ်မှုကျူးလွန်ရာမှ သေဆုံးခြင်းနှင့် ဒါဏ်ရာရရှိခြင်း

အာမခံထားသူကိုယ်တိုင် အနာတရဖြစ်အောင် ဆောင်ရွက်ခြင်းမှ သေဆုံးခြင်းနှင့် ဒါဏ်ရာရရှိခြင်း (ခိုက်ရန်ဖြစ်ပွားခြင်းကဲ့သို့သော)


အာမခံသက်တမ်း

· စုပေါင်းအသက်အာမခံ၏ သက်တမ်းမှာ (၁) နှစ်ဖြစ်သည်။


ပရီမီယံနှုန်းထား

· အာမခံထားငွေ၏ ၁% နှုန်းဖြစ်ပါသည်။

· အလုပ်သမားတစ်ဦးအတွက် အာမခံထားငွေမှာ အနည်းဆုံး ကျပ် (၁၀,၀၀၀) မှ အများဆုံး သိန်း (၅၀) သတ်မှတ်ထားပါသည်။


ပရီမီယံကြေးပေးသွင်းခြင်း

· ပရီမီယံကြေးကို တစ်လုံးတစ်ခဲတည်းပေးချေရမည်ဖြစ်ပါသည်။


အကျိုးခံစားခွင့်များ

· သေဆုံးခြင်း


အာမခံထားသူများစာရင်းတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးဦးသည် အာမခံသက်တမ်းအတွင်း မည်သည့် အကြောင်းကြောင့်မဆို သေဆုံးခဲ့ပါလျှင် အာမခံထားငွေအပြည့်အဝကို အလုပ်ရှင်မှတဆင့် အကျိုးခံစားခွင့် လွှဲပြောင်းပေးထားသူသို့ တစ်လုံးတည်း ပေးအပ်သွားမည်ဖြစ်ပါသည်။


· ဒါဏ်ရာရရှိခြင်း
အာမခံထားသူစာရင်းတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးဦးသည် အာမခံသက်တမ်းအတွင်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါလျှင် ဇယားပါလျော်ကြေးနှုန်းထားများအတိုင်း ပေးလျော်သွားမည်ဖြစ်ပါသည်။ ဇယားတွင်ဖော်ပြ မထားသည့်ထိခိုက်ဒါဏ်ရာရရှိမှုအတွက် ဆရာဝန်၏ထောက်ခံချက်အပေါ်အခြေခံ၍ သင့်လျော်သော အကျိုးခံစားခွင့် ရရှိစေမည်ဖြစ်ပါသည်။


· ထာဝစဉ်မစွမ်းမသန်ဖြစ်ခြင်း
အာမခံထားသူစာရင်းတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးဦးသည် အာမခံသက်တမ်းအတွင်း ထိခိုက်ဒါဏ်ရာ ရရှိမှုကြောင့် အလုပ်အကိုင်လုံးဝလုပ်ကိုင်နိုင်ခြင်းမရှိသည်အထိ ထာဝစဉ်မစွမ်းမသန်ဖြစ်ခဲ့လျှင် အာမခံထားငွေ အပြည့်အဝကို တစ်လုံးတည်း ပေးအပ်သွားမည်ဖြစ်ပါသည်။


ပြင်ဆင်မှုများ

အာမခံထားရှိစဉ် အာမခံထားသူများစာရင်းတွင်ပါဝင်သည့် အလုပ်သမားတစ်ဦးဦးသည် လုပ်ငန်းခွင်မှ နှုတ်ထွက်သွားလျှင်သော်လည်းကောင်း၊  ထုတ်ပယ်ခြင်းခံရလျှင်သော်လည်းကောင်း၊ နှုတ်ထွက် / ထုတ်ပယ်ခံရသူနေရာ၌  အလုပ်သမားအစားထိုးခန့်ထားခြင်း (တစ်နှစ်အတွင်း အစားထိုးခွင့်ရှိပါသည်)


မည်သို့အာမခံထားရှိရမည်နည်း။

ဤစုပေါင်းအသက်အာမခံအရ အာမခံထားလိုလျှင် KBZ Life ဝန်ထမ်း (သို့မဟုတ်) KBZ Life အာမခံ ကိုယ်စားလှယ်များနှင့် ဆက်သွယ်၍ ဖြစ်စေ၊ အွန်လိုင်းစနစ်ဖြင့်ဖြစ်စေ လျှောက်ထားနိုင်ပြီး လျှောက်ထားရာတွင် အောက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်လိုအပ်ပါသည်။

·   (၁) အဆိုပြုလွှာဖြည့်စွက်ခြင်း
  (၂) အလုပ်သမား၏ သက်ဆိုင်ရာစာရွက်စာတမ်းများစစ်ဆေးခြင်း
  (၃) ဆေးစစ်ချက်အထောက်အထားများစစ်ဆေးခြင်း
  (၄) ပရီမီယံကြေးပေးဆောင်ခြင်း
  (၅) အဆိုပြုလွှာကိုလက်ခံသည့်အနေဖြင့် အကာအကွယ်ပြုလွှာ (လက်ခံလွှာ) / ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

· အကယ်၍ အာမခံထားရန်အတွက် လိုက်လံဆောင်ရွက်ပေးရန် လိုအပ်ခဲ့ပါလျှင် ကျွန်ပ်တို့ KBZ Life နှင့် ကိုယ်စားလှယ်များက ဝန်ဆောင်မှုပေးရန် အသင့်ရှိပါသည်။

· KBZ Life နှင့် မည်သည့် ကိုယ်စားလှယ်ကို မဆိုဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ ကိုယ်စားလှယ်မှ အာမခံထားခြင်းပြီးဆုံးသည်အထိ လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။


မည်သို့လျှော်ကြေးတောင်းခံရမည်နည်း

အကယ်၍ ကံကြမ္မာဆိုးတစ်ခုခု ကျရောက်ကြုံတွေ့လာပါက စိုးရိမ်ပူပန်မှုများကို ကျွန်ပ်တို့ထံ ပေးပို့လိုက်ပါ။ သို့ရာတွင်

  • စုပေါင်းအသက်အာမခံထားသည့်အလုပ်သမားတစ်ဦးဦးသည်      အာမခံသက်တမ်းအတွင်း သေဆုံးခြင်း၊ ဒါဏ်ရာရရှိခြင်း ဖြစ်ပွားခဲ့ပါက      ကျွန်ပ်တို့ထံသို့ ချက်ချင်းအကြောင်းကြားပေးရန်သာရှိပါမည်။ သို့မှသာ KBZ Life ရုံး (သို့) KBZ Life ကိုယ်စားလှယ် (သို့) KBZ Life ဝန်ထမ်းတစ်ဦးဦးမှ လျော်ကြေးတောင်းခံမည့်      ကိစ္စရပ်များအတွက် ညွှန်ပြကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
  • လိုအပ်သော ဆေးစစ်ချက်စာရွက်စာတမ်းအထောက်အထားများ      ပေးပို့ပေးရမည် ဖြစ်ပါသည်။

KBZ Life က လျော်ကြေးတောင်းခံရာတွင် အလျင်အမြန်ပေးလျော်နိုင်ရန်အတွက် အကူအညီများအား ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်

image43

Copyright © 2019 IKBZ Life - All Rights Reserved.