KBZ Life ပညာရွှေအိုး
မိမိတန်ဖိုးထားရသည့် သားသမီးများအတွက် ပညာရေးတိုးတက်မြင့်မားဖို့ရန်နှင့် အနာဂတ် ရည်မှန်းချက်ပြည့်ဝ အောင်မြင်စေရန်တို့အတွက် နေ့စဉ်လှုပ်ရှား ကြိုးစားရပါသည် ။ ရည်မှန်းချက်များဆီသို့လျှောက်လှမ်းနေစဉ် အတွင်း မမျှော်လင့်နိုင်သည့် ဘေးအန္တရာယ်ဆိုးများနှင့်ကြုံတွေ့ခြင်းကြောင့် မိမိ၏သားသမီးပညာရေးရပ်ဆိုင်း မသွားစေပဲ ဆုံးခန်းတိုင်ဘွဲ့ရသည်အထိ စိုးရိမ်ပူပန်မှုမရှိအောင် ကျွန်ုပ်တို့ KBZ Life မှအကာအကွယ်ပေးနေ ပြီဖြစ်ပါ သည်။ ထို့အပြင် မမျှော်လင့်သောဖြစ်ရပ်ဆိုးနှင့်ကြုံခဲ့သော်လည်း သားသမီးများ၏ပညာရေးရပ်ဆိုင်းမသွားစေပဲ ပညာရေးအတွက်ငွေကြေးအထောက်အပံ့ရစေခြင်းနှင့်အတူ ငွေစုဆောင်းခြင်းအလေ့အထအတွက်လဲအထောက် အပံ့ဖြစ်စေပါသည်။
KBZ Life ပညာရွှေအိုး (၂) မျိူးကိုဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ KBZ Life ပညာရွှေအိုး(၂)မျိုးမှာ-
၁။ အခြေခံအကျိုးခံစားခွင့် (Basic Benefit Plan)
၂။ နှစ်ထပ်ကွမ်းအကျိုးခံစားခွင့် (Double Benefit Plan)
၁။ ဤအာမခံ အကြောင်းအရာ အချက်အလက်များ
ဤပေါ်လစီအရ မည်သူတို့ကို မည်သည့်အကာအကွယ်ပေးထားသနည်း
မိမိ၏ သားသမီးများပညာရေးအနာဂါတ်အတွက် ရည်မှန်းထားသည့်ကာလတစ်ခုခု ကုန်ဆုံးချိန်တွင်မျှော်မှန်း သည့်ပညာတတ်ဘွဲ့ရ တစ်ယောက်ဖြစ်စေရန် အထောက်အပံ့ကောင်းအနေဖြင့်သာမက မမျှော်လင့်သောဖြစ်ရပ် များကြောင့် မိမိချစ်ခင်တန်ဖိုးထားရသော မိမိ၏သားသမီးများအား စောင့်ရှောက်နိုင်ခြင်းမရှိသည့်အခါ ၄င်း တို့ ၏ ပညာရေးအခြေနေမယိမ်းမယိုင်ဆက်လက်ရပ်တည်နိုင်ရန် ငွေကြေးအကာအကွယ်အနေဖြင့်လည်းရပ်တည်ပေး နိုင်သည့် ပေါ်လစီဖြစ်ပါသည်။
အကာအကွယ်ရရှိနိုင်မည့် ဘေးအန္တရာယ်များ
ဤပေါ်လစီတွင် အာမခံသက်တမ်းကာလအတွင်း မမျှော်လင့်သောဘေးအန္တရာယ်များကြောင့် မတော်တဆထိ ခိုက်ဒဏ်ရာရမှုကြောင့်ဖြစ်စေ၊ သေဆုံးခြင်းကြောင့်ဖြစ်စေ အောက်ပါဖြစ်ရပ်များအတွက် အကာအကွယ်ပေးပါ သည်။
သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများကြောင့် အကျိုးခံစားခွင့်ရှိသူ သားသမီးများ၏ ပညာရေးရပ် ဆိုင်းမသွားစေပဲ ဆုံးခန်းတိုင်ဘွဲ့ရသည်အထိ အကာအကွယ်ပေးနိုင်ခြင်း
ဤပေါ်လစီအရ အကျုံးမဝင်သော အဓိကကိစ္စရပ်အချို့မှာ-
· မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် (သို့) ဘေးအန္တရာယ် ဖြစ်စေတတ်သောဆေးဝါးမှီဝဲခြင်းကြောင့် ဖြစ်သည့်သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
· ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း
· မိမိကိုယ်ကိုသတ်သေခြင်း(အာမခံသက်တမ်းစတင်သည့်နေ့မှ တစ်နှစ်အတွင်း)
· မိမိကိုယ်ကိုသတ်သေခြင်းကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
· အာမခံဝယ်ယူခဲ့စဉ်က ဖော်ပြရန်ထိမ်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ တစ် နှစ်အတွင်း သေဆုံးခြင်း (သို့) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
၂။ အာမခံထားနိုင်သူများ
KBZ Life ပညာရွှေအိုးထားနိုင်သူများ
· မိမိ၏သားသမီးပညာရေးအတွက်သော်လည်းကောင်း ဆွေမျိုးသားချင်းများ၏ ပညာရေးအ တွက်သော်လည်းကောင်း၊မိမိကိုယ်တိုင်တိုင်ပညာရေးအတွက်သော်လည်းကောင်း လူပုဂ္ဂိုလ် တစ်ဉီးတယောက်အနေဖြင့်(သို့) တရားဝင်ဖွဲ့စည်းထားသော အသင်းအဖွဲ့အစည်းအနေဖြင့် မိမိ အသက်ကို အာမခံထားနိုင်ပါသည်။
KBZ Life ပညာရွှေအိုးထားနိုင်သူ၏ အသက်ကန့်သတ်ချက်များ
· အသက်၁၈နှစ်မှ ၆၅နှစ်ထိ
၆၅နှစ်အထိသာအာမခံထားနိုင်သောကြောင့် ၅၆နှစ်ရှိသူများသည် သက်တမ်း (၉)နှစ် သာ ထားရှိနိုင်သည်။
၃။ အာမခံသက်တမ်း
KBZ Life ပညာရွှေအိုးထားရှိရန် ရွေးချယ်နိုင်သော အာမခံသက်တမ်းများ
· ၁။အာမခံသက်တမ်း (၉)နှစ်- ပရီမီယံပေးသွင်းရမည့်သက်တမ်း(၅)နှစ်
· ၂။အာမခံသက်တမ်း (၁၁)နှစ်- ပရီမီယံပေးသွင်းရမည့်သက်တမ်း(၇)နှစ်
· ၃။အာမခံသက်တမ်း (၁၄)နှစ်- ပရီမီယံပေးသွင်းရမည့်သက်တမ်း(၁၀)နှစ်
အာမခံထားသူ၏ အသက်အလိုက်ရွေးချယ်နိုင်သော အသက်အာမခံသက်တမ်းများ
· အသက်(၁၈)နှစ်မှ (၅၁)နှစ်အတွင်း- (၉)နှစ်၊ (၁၁)နှစ်၊ (၁၄) နှစ်
· အသက် (၅၂) နှစ်မှ (၅၄)နှစ်အတွင်း- (၉)နှစ်၊ (၁၁)နှစ်
· အသက် (၅၅)နှစ်မှ (၅၆)နှစ်အတွင်း- (၉)နှစ်
၄။ အာမခံထားနိုင်သောငွေပမာဏ
KBZ Life ပညာရွှေအိုးအတွက် အာမခံထားငွေမှာ အနည်းဆုံးကျပ်သိန်း (၅၀)မှ အများဆုံး ကျပ်သိန်း(၁၀၀၀)အထိ ထားရှိနိုင်ပါသည်။
၅။ပရီမီယံနှုန်းထား
အာမခံထားလိုသည့်အာမခံသက်တမ်းထားငွေ၊အာမခံထားငွေ၊အာမခံထားသူ၏အသက် စသည်တို့အပေါ်မူတည် ၍နှုန်းထားများသတ်မှတ်ထားပါသည်။
၆။ ပရီမီယံကြေးပေးသွင်းခြင်း
KBZ Life ပညာရွှေအိုးအတွက်ပရီမီယံကို ပရီမီယံကို ၁လတစ်ကြိမ်၊ ၃လတစ်ကြိမ်၊ ၆လတစ်ကြိမ်၊၁၂လတစ်ကြိမ် အရစ်ကျပေးသွင်းနိုင်သည်။
(၁၂)လတစ်ကြိမ်၊(၆)လတစ်ကြိမ်၊၃လတစ်ကြိမ် ပေးသွင်းရန်ရွေးချယ်ထားသည့်ပေါ်လစီများအတွက် ပရီမီယံပေး သွင်းရန် အပိုရက် (၃၀) ခွင့်ပြုပါသည်။
(၁)လတစ်ကြိမ်ပေးသွင်းရန်ရွေးချယ်ထားသည့် ပေါ်လစီပျက်ပြယ်နိုင်ပါသည်။
၇။ထာဝစဉ်လုံးဝမသန်စွမ်းအကျိုးခံစားခွင့်
KBZ Life ပညာရွှေအိုးထားရှိခြင်းအကျိုးကျေးဇူးများ
· ဝင်ငွေခွန်သက်သာခြင်း။
· ချွေတာစုဆောင်းသည့်အလေ့အထကောင်းရစေခြင်း။
· ပညာရေးအာမခံအကျိုးခံစားခွင့်ပေါ်တွင်အခွန်ကင်းလွတ်ခွင့်ရရှိခြင်း၊ ငွေဖြူဖြစ်ခြင်း။
· ပညာရေးအသက်အာမခံ အကျိုးခံစားခွင့်များကို မည်သည့်အကြွေးရှင်မှ ဝရမ်းမကပ်နိုင်ခြင်း။
· အာမခံသက်တမ်းအတွင်း အရေးပေါ်ငွေလိုပါက အာမခံ(၃)နှစ်ပြည့်ပြီးစာချုပ်တည်မြဲသော အခါတွင်အာမခံပေါ်လစီဖြင့်ချေးငွေထုတ်ယူနိုင်ခြင်း။
· ပေးသွင်းသည့်ပရီမီယံပေါင်းထက် ပိုမိုသောအာမခံအကျိုးခံစားခွင့်အားပြန်လည်ထုတ်ယူနိုင် ခြင်း။
၈ ။ မည်သို့အာမခံထားရှိရမည်နည်း
ဤ KBZ Life ပညာရွှေအိုးထားရှိလိုလျှင် KBZ Life ဝန်ထမ်း(သို့) KBZ Life အာမခံကိုယ်စားလှယ်များနှင့်ဆက်သွယ်၍လျှောက် ထားနိုင်ပြီး လျှောက်ထားရာတွင် အောက်ပါလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်လိုအပ်ပါသည်။
1. အဆိုလွှာဖြည့်စွက်ခြင်း
2. အာမခံထားသူ၏ သက်ဆိုင်ရာစာရွက်စာတမ်းများစစ်ဆေးခြင်း
3. အာမခံထားငွေအလိုက် ကျန်းမာရေးဆေးစစ်မှုများပြုလုပ်၍ဆေးစစ်ချက်အထောက်အထားများ စစ်ဆေးခြင်း
4. ကျန်းမာရေးဝန်ခံချက်ဖြည့်သွင်းခြင်း
5. ပရီမီယံကြေးပေးဆောင်ခြင်း
6. အဆိုလွှာကိုလက်ခံသည့်အနေဖြင့် အကာအကွယ်ပြုလွှာ(လက်ခံလွှာ)/ပေါ်လစီစာချုပ်ထုတ် ပေးခြင်း
အကယ်၍ အာမခံထားရန်အတွက် လိုက်လံဆောင်ရွက်ပေးရန် လိုအပ်ခဲ့ပါလျှင်ကျွန်ုပ်တို့KBZ Life နှင့် ကိုယ်စား လှယ်မှ အာမခံထားခြင်းပြီးဆုံးသည်အထိ လိုက်လံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၉ ။အချက်အလက်ပြင်ဆင်မှုများ
အာမခံထားရှိစဉ်အကြောင်းအရာများနှင့်ပတ်သက်သော အပြောင်းအလဲတစ်ရပ်ရပ် ဖြစ်ပေါ်ခဲ့ပါက ကျွန်ုပ်တို့၏ KBZ Life ရုံး (သို့)သက်ဆိုင်ရာ KBZ Life ကိုယ်စားလှယ်သို့ အချက်အလက်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် အကြောင်းကြား ရပါမည်။
Copyright © 2019 IKBZ Life - All Rights Reserved.