KBZ Life Insurance
  • Home
  • About Us
  • Our Products
  • Contact Us
  • KBZ Pay Life Cover
  • FAQ
    • Home
    • About Us
    • Our Products
    • Contact Us
    • KBZ Pay Life Cover
    • FAQ
KBZ Life Insurance
  • Home
  • About Us
  • Our Products
  • Contact Us
  • KBZ Pay Life Cover
  • FAQ

Short saver life insurance

  

KBZ Life လုံခြုံစုပွား နှစ်တိုအသက်အာမခံ

မိမိနှင့်တန်ဖိုးထားရသည့် မိသားစုများလူနေမှုဘဝ တိုးတက်မြင့်မားဖို့ရန်နှင့် အနာဂတ်ရည်မှန်း ချက်ပြည့်ဝ အောင်မြင် စေရန်တို့အတွက် နေ့စဉ်လှုပ်ရှားကြိုးစားကြရပါသည်။ ရည်မှန်းချက်များဆီသို့ လျှောက်လှမ်း နေစဉ်အတွင်းမမျှော်လင့်နိုင်သည့်ဘေးအန္တရာယ်ဆိုးများနှင့်ကြုံတွေ့ခြင်းကြောင့်မိမိ ၏ မိသားစု ဝင် များတွင် ဆုံးရှုံးမှုများစွာပေါ်ပေါက် လာသည့်အနက်ငွေကြေးဆိုင်ရာ ဆုံးရှုံးပူပန်မှု အတွက် ကျွန်ုပ်တို့ KBZ LIfe မှ အကာ အကွယ်ပေးနေပြီဖြစ်ပါသည်။ ထို့အပြင် လူ့ဘဝ နေဝင်ချိန်ငွေကြေး ကိစ္စမပူပင်ရ ပဲသောက ကင်းဝေး စေ နိုင် ခြင်း၊ ထာဝစဉ်မသန်စွမ်းမှုကြောင့်ဝင် ငွေမရရှိနိုင် သည့်ခါဆေး ကုသ စရိတ် အတွက် အထောက်အပံ့ ရ စေ နိုင်ခြင်းတို့နှင့်အတူငွေစုဆောင်းခြင်း အလေ့အထအတွက်လဲအထောက်အပံ့ ဖြစ်စေမည်ဖြစ်ပါသည်။


၁။ဤအာမခံအကြောင်းအရာအချက်အလက်များ

ဤပေါ်လစီအရမည်သူတို့ကို မည့်သည့်အကာအကွယ်ပေးထားသနည်း

မိမိ၏ မိသားစုအနာဂတ်အတွက် ရည်မှန်းထားသည့် ကာလတစ်ခုခု ကုန်ဆုံးချိန်တွင်မျှော်မှန်းသည့်ငွေပမာဏ စုဆောင်းမိစေရန် အထောက်အပံ့ကောင်းအနေဖြင့်သာမက မမျှော်လင့်သော ဖြစ်ရပ်များကြောင့် မိမိ ချစ် ခင် တန်ဖိုးထားရသော မိမိ၏မိသားစုအား စောင့်ရှောက်နိုင်ခြင်း မရှိသည့်အခါ၎င်း တို့၏လူနေမှု ဘဝ အခြေ အနေမယိမ်းမယိုင် ဆက်လက်ရည်တည်နိုင်ရန်ငွေကြေးအကာအကွယ် အနေဖြင့် လည်း ရပ်တည် ပေး နိုင် သည့် ပေါ်လစီဖြစ်ပါ သည်။

အကာအကွယ် ရရှိနိုင်မည့်ဘေးအန္တရာယ်များ

ဤပေါ်လစီအရ အာမခံသက်တမ်းကာလအတွင်း မမျှော်လင့်သော ဘေးအန္တရာယ်များကြောင့် မတော်တဆ ထိ ခိုက်ဒဏ်ရာရရှိမှုကြောင့် ဖြစ်စေ၊နာမကျန်းဖြစ်ခြင်းကြောင့်ဖြစ်စေ အောက်ပါဖြစ်ရပ်များအတွက် အကာ အကွယ် ပေးပါသည်။

သေဆုံးခြင်း

ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း

အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းများကြောင့်သေဆုံးခဲ့လျှင်‘သေဆုံး အကျိုး ခံစား ခွင့် ’ (Death Benefit)အားရခွင့်မရှိပါ။

ပေးသွင်းပြီးပရီမီယံကိုသာ အကျိုးခံစားခွင့်ရှိသူအား ထုတ်ပေးမည်။

(၁)အာမခံစသည့်နေ့မှတစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း။

(၂) အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည်နေ့မှ တစ်နှစ် အတွင်းသေဆုံးခြင်း။

အာမခံထားသူသည် အောက်ဖော်ပြပါအကြောင်းများကြောင့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခဲ့လျှင် ’ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့်’(Total Permanent Disability benefit)အားရခွင့် မရှိပါ။

ပေးသွင်းပြီးပရီမီယံကိုသာ ပေါ်လစီ/အကျိုးခံစားခွင့်ရှိသူအားထုတ်ပေးမည်။

(၁) ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ် လုံးဝမသန်စွမ်းဖြစ်ခြင်း။

(၂) မိမိကိုယ်ကိုသတ်သေခြင်းကြောင့်မသေဘဲ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။

(၃) မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်သည့်ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။

(၄) ဘေးအန္တရာယ်ဖြစ်စေသောဆေးမှီဝဲခြင်းကြောင့်ဖြစ်သည့်ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။

(၅) ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သည့်ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။

(၆) အာမခံဝယ်ယူစဉ်က ဖော်ပြထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှတစ်နှစ် အတွင်းထာဝစဉ်လုံးဝ မသန်စွမ်းဖြစ်ခြင်း။


၂။ အာမခံထားနိုင်သူများ


KBZ LIfe လုံခြုံစုပွား နှစ်တိုအသက်အာမခံ ထားနိုင်သူများ

· မိမိအသက်ကိုအာမခံထားနိုင်ပါသည်။

· ဇနီး-ခင်ပွန်း အပြန်အလှန်အသက်အာမခံထားနိုင်ပါသည်။

· မိဘအနေဖြင့် မိမိသားသမီး၏ အသက်ကို အာမခံထားနိုင်ပါသည်။

KBZ LIfe လုံခြုံစုပွားနှစ်တိုအသက်အာမခံထားနိုင်သူများ၏ အသက်ကန့်သတ်ချက်များ

· အသက်(၁၀)နှစ်မှ (၆၀)နှစ်အတွင်းဤအသက်အာမခံထားနိုင်ပါသည်။

· အာမခံထားသူသည် အသက်(၁၀)နှစ်မှ(၁၈)နှစ်အတွင်းရှိသူဖြစ်လျှင် မိဘ/အုပ်ထိန်းသူ၏ခွင့်ပြု ချက်စာဖြင့် ဤအသက်အာမခံထားနိုင်ပါသည်။


၃။အာမခံသက်တမ်း 


KBZ LIfe လုံခြုံစုပွားနှစ်ပွားနှစ်တိုအသက်အာမခံ ထားရှိရန် ရွေးချယ်နိုင်သော အာမခံသက်တမ်များ

· (၅)နှစ်၊ (၇)နှစ်၊ (၁၀)နှစ်

အာမခံထားသူ၏ အသက်အလိုက်ရွေးချယ်နိုင်သော အသက်အာမခံသက်တမ်းများ

· အသက် (၁၀)နှစ်မှ (၅၅) နှစ်အတွင်း - (၅)နှစ်၊(၇)နှစ်၊ (၁၀) နှစ်

· အသက် (၅၆)နှစ်မှ (၅၈)နှစ်အတွင်း  - (၅)နှစ်၊(၇)နှစ်

· အသက် (၅၉) နှစ်နှင့်(၆၀)နှစ် -(၅)နှစ်


၄။အာမခံထားနိုင်သည့်ငွေပမာဏ


အနည်းဆုံးကျပ် (၁၀)သိန်းမှ အများဆုံးကျပ်သိန်း(၅၀၀) အထိထားရှိနိုင်ပါသည်။

ပရီမီယံနှုန်းထား

အာမခံထားလိုသည့်အာမခံသက်တမ်း၊အာမခံထားငွေ၊ အာမခံထားသူ၏အသက်၊ အာမခံထားသူ၏ ကျန်းမာ ရေးအခြေအနေစသည်တို့အပေါ်မူတည်၍ နှုန်းထားများသတ်မှတ်ထားပါသည်။

  

၅။ပရီမီယံကြေးပေးသွင်းခြင်း


KBZ LIfe လုံခြုံစုပွား နှစ်တိုအသက်အာမခံအတွက် အရစ်ကျပရီမီယံပေးသွင်းရန် ရွေးချယ်နိုင်သော အကြိမ်အရေ အတွက်များ

· (၁)လ တစ်ကြိမ်

· (၃) လတစ်ကြိမ်

· (၁၂)လ တစ်ကြိမ်

(၁၂)လတစ်ကြိမ်၊(၆)လတစ်ကြိမ်(၃)လတစ်ကြိမ်ပေးသွင်းရန်ရွေးချယ်ထားသည့်ပေါ်လစီများအတွက် ပရီမီ ယံ ပေးသွင်းရန်အပိုရက် (၃၀) ခွင့်ပြုပါသည်။

(၁)လတစ်ကြိမ်ပေးသွင်းရန်ရွေးချယ်ထားသည့်ပေါ်လစီများအတွက်ပရီမီယံ ပေးသွင်းရန်အပိုရက် (၁၅) ရက်ခွင့် ပြုပါသည်။

မှတ်ချက်။ ။ အပိုရက်အတွင်း ပရီမီယံပေးသွင်းရန်ပျက်ကွက်ပါက ပေါ်လစီပျက်ပြယ်နိုင်ပါသည်။


၆။ အကျိုးခံစားခွင့်


KBZ LIfe လုံခြုံစုပွား နှစ်တိုအသက်အာမခံ အကျိုးခံစားခွင့်များ

· နှစ်စေ့ ပရီမီယံစုဆောင်းငွေ အကျိုးခံစားခွင့်

· ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်

· သေဆုံးမှုအကျိုးခံစားခွင့်

KBZ LIfe လုံခြုံစုပွားနှစ်တိုအသက်အာမခံ ထားရှိခြင်းအကျိုးကျေးဇူးခွင့်များ

· ဝင်ငွေခွန်သက်သာခြင်း။

· ချွေတာစုဆောင်းသည့် အလေ့အထကောင်းရစေခြင်း။

· နှစ်တိုအသက်အာမခံ အကျိုးခံစားခွင့်ပေါ်တွင် အခွန်ကင်းလွတ်ခွင့်ရရှိခြင်း၊ ငွေဖြူဖြစ်ခြင်း။

· နှစ်တိုအသက်အာမခံအကျိုးခံစားခွင့်များကို မည်သည့်အကြွေးရှင်မှ ဝရမ်းမကပ်နိုင်ခြင်း။

· အာမခံသက်တမ်းအတွင်း အရေးပေါ်ငွေလိုအပ်ပါက အာမခံစာချုပ်တည်မြဲသောအခါတွင် အာမခံ ပေါ်လစီဖြင့်ချေးငွေထုတ်ယူနိုင်ခြင်း။

· ပေးသွင်းသည့် ပရီမီယံပေါင်းထက် ပိုမိုသော အာမခံအကျိုးခံစားခွင့်အား ပြန်လည်ထုတ်ယူနိုင်ခြင်း။


၇။မည်သို့ အာမခံထားရှိရမည်နည်း


ဤ KBZ LIfe လုံခြုံစုပွားနှစ်တို အသက်အာမခံထားလိုလျှင်IKBZ ဝန်ထမ်း (သို့) KBZ LIfe အာမခံကိုယ်စားလှယ်များ နှင့် ဆက်သွယ်၍ လျှောက်ထားနိုင်ပြီးလျှောက်ထားရာတွင် အောက်ပါလုပ်ငန်းစဉ်များကိုဆောင်ရွက်ရန်လို အပ်ပါသည်။

· အဆိုလွှာဖြည့်စွက်ခြင်း

· အာမခံထားသူ၏သက်ဆိုင်ရာစာရွက်စာတမ်းများ စစ်ဆေးခြင်း

· ဆေးစစ်ချက် အထောက်အထားများစစ်ဆေးခြင်း

· ပရီမီယံကြေးပေးဆောင်ခြင်း

· အဆိုလွှာကိုလက်ခံသည့်အနေဖြင့်အကာအကွယ်ပြုလွှာ(လက်ခံလွှာ)/ပေါ်လစီစာချုပ်ထုတ်ပေး ခြင်း

အကယ်၍ အာမခံထားရန်အတွက် လိုက်လံဆောင်ရွက်ပေးရန် လိုအပ်ခဲ့ပါလျှင် ကျွန်ုပ်တို့ KBZ LIfe နှင့်ကိုယ်စား လှယ်များကဝန်ဆောင်မှုပေးရန် အသင့်ရှိပါသည်။

KBZ LIfe နှင့်မည်သည့်ကိုယ်စားလှယ်ကိုမဆို ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ ကိုယ်စားလှယ်မှ အာမခံထား ခြင်းပြီးဆုံးသည်အထိ လိုက်လံဆောင်ရွက်ပေးမည်ဖြစ်မည်ဖြစ်ပါသည်။


 ၈။ လျော်ကြေးတောင်းခံခြင်း


အကယ်၍ မမျှော်လင့်သော ဘေးအန္တရာယ်ကြုံတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ငွေကြေး အကာ အကွယ် စိုးရိမ်ပူပန်မှုများကို ကျွန်ုပ်ထံ လွှဲပြောင်းပေးပို့လိုက်ပါ။KBZ LIfe ရုံး (သို့)KBZ LIfe ကိုယ်စားလှယ် (သို့) KBZ LIfe ဝန်ထမ်းတစ်ဦးဦးမှ လျော်ကြေးတောင်းခံရာတွင်လိုအပ်သည့် ကိစ္စရပ်များအတွက် ညွှန်ပြ ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့်

· KBZ LIfe လုံခြုံစုပွားနှစ်တို အသက်အာမခံထားသူတစ်ဦးဦးသည် အာမခံသက်တမ်းအတွင်းသေဆုံးခြင်း၊ ဒဏ်ရာရှိခြင်းဖြစ်ပွားခဲ့ပါက ကျွန်ုပ်တို့ထံ ချက်ခြင်းအကြောင်းကြားပေးရန်သာရှိပါသည်။

· လိုအပ်သောဆေးစစ်ချက်များ၊ စာရွက်စာတမ်းများ၊ အထောက်အထားများ ပေးပို့ပေးရန် လိုအပ် ပါသည်။

KBZ LIfe ကလျော်ကြေးတောင်းခံရာတွင် အလျင်အမြန်ပေးလျော်နိုင်ရန်အတွက် အကူအညီများအားထောက်ပံ့ ပေးသွားမည် ဖြစ်ပါသည်။

image45

Copyright © 2019 IKBZ Life - All Rights Reserved.