အားကစား
ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ
ဤပေါ်လစီအရမည်သည်တို့ကိုအကာအကွယ်ပေးထားသနည်း
အာမခံထားသူ အားကစားသမား၏ အာမခံသက်တမ်းကာလအတွင်း မတော်တဆထိခိုက် ဒဏ်ရာ ရ သေဆုံးမှုအတွက် ငွေကြေးဆိုင်ရာထောက်ပံ့ကာကွယ်ပေးပါသည်။
အကာအကွယ်ရရှိနိုင်သည့်ဘေးအန္တရာယ်များ
ဤပေါ်လစီအရ အားကစားသမား၏ အာမခံသက်တမ်းကာလအတွင်း အားကစားသမား၏ အောက်ပါ မတော်တဆ ဖြစ်ရပ်များအတွက် အကာအကွယ်ပေးပါသည်။
အပိုအကာအကွယ်များ
ဤပေါ်လစီအရအကျုံးမဝင်သောအဓိက ကိစ္စရပ်များ
အာမခံထားနိုင်သူများ
နိုင်ငံလက်ရွေးစင်အားကစားသမားများနှင့် တိုင်းနှင့်ပြည်နယ်၊ ခရိုင်မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အသီးသီးရှိ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူများထားရှိနိုင်ပါသည်။
အာမခံသက်တမ်း
· အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံသက်တမ်းမှာ (၁) နှစ်ဖြစ်ပါသည်။
· နိုင်ငံခြားတိုင်းပြည်များသို့သွားရောက်ယှဉ်ပြိုင်စဉ် ကာလတိုသက်တမ်းမှာ (၇) ရက် (သို့မဟုတ်) (၁) လ ဖြစ်ပါသည်။
ပရီမီယံနှုန်းထား
· အာမခံ (၁)ယူနစ်လျှင် အာမခံထားငွေ၏ ၀.၅% နှုန်းဖြစ်ပါသည်။ (အာမခံ ကျပ် (၁၀)သိန်း လျှင် ပရီမီယံ ကျပ် (၅) ေထာင်)
· ကာလတိုခရီးစဉ်အတွက် - (၇) ရက်ခရီးစဉ် ကျပ် ၅၀၀/- (၁) လခရီးစဉ် ကျပ် ၁,၀၀၀/-
ပရီမီယံကြေးပေးသွင်းခြင်း
· ပရီမီယံကြေးကို တစ်လုံးတစ်ခဲတည်းပေးချေရမည်ဖြစ်ပါသည်။
အကျိုးခံစားခွင့်များ
· သေဆုံးခြင်း
အာမခံထားသူအားကစားသမားတစ်ဦးသည် အားကစားရုံ (သို့မဟုတ်) အားကစားကွင်းအတွင်း အားကစား လေ့ကျင့်နေစဉ်ဖြစ်စေ၊ ယှဉ်ပြိုင်နေစဉ်ဖြစ်စေ မတော်တဆသေဆုံးပါက အာမခံ (၁) ယူနစ်လျှင် ကျပ် (၁၀)သိန်း နှုန်းဖြင့် အကျိုးခံစားခွင့် လွှဲပြောင်းပေးထားသူထံသို့ တစ်လုံးတည်းပေးအပ်သွားမည်ဖြစ်ပါသည်။
· နိုင်ငံခြားတိုင်းပြည်များ၌ အားကစားယှဉ်ပြိုင်ရန် နေထိုင်စဉ်ကာလတိုအတွင်း သေဆုံးမှုအတွက် ကျပ် (၁၀)သိန်း ကို အကျိုးခံစားခွင့် လွှဲပြောင်းပေးထားသူထံသို့ တစ်လုံးတည်းပေးအပ်သွားမည်ဖြစ်ပါသည်။
· ဒါဏ်ရာရရှိခြင်း
အာမခံထားသူအားကစားသမားတစ်ဦးသည် အားကစားရုံ (သို့မဟုတ်) အားကစားကွင်းအတွင်း အားကစား လေ့ကျင့်နေစဉ်ဖြစ်စေ၊ ယှဉ်ပြိုင်နေစဉ်ဖြစ်စေ မတော်တဆထိခိုက်ဒါဏ်ရာရရှိခဲ့ပါက ဇယားပါလျော်ကြေးနှုန်း များအတိုင်း ဝယ်ယူထားသည့်ယူနစ်အလိုက်ပေးလျော်သွားမည်ဖြစ်ပါသည်။ ဇယားတွင်ဖော်ပြ မထားသည့်ထိခိုက်ဒါဏ်ရာရရှိမှုအတွက် ဆရာဝန်၏ထောက်ခံချက်အပေါ်အခြေခံ၍ သင့်လျော်သော အကျိုးခံစားခွင့် ရရှိစေမည်ဖြစ်ပါသည်။
· ထာဝစဉ်မစွမ်းမသန်ဖြစ်ခြင်း
အာမခံထားသူအားကစားသမားတစ်ဦးသည် အားကစားရုံ (သို့မဟုတ်) အားကစားကွင်းအတွင်း အားကစား လေ့ကျင့်နေစဉ်ဖြစ်စေ၊ ယှဉ်ပြိုင်နေစဉ်ဖြစ်စေ မတော်တဆထိခိုက်ဒါဏ်ရာရရှိခဲ့၍ အလုပ်လုံးဝလုပ်ကိုင်နိုင်ခြင်း မရှိခဲ့သည်အထိ ထာဝစဉ်မစွမ်းမသန်ဖြစ်ခဲ့လျှင် အာမခံ (၁) ယူနစ်အတွက် ကျပ် (၁၀)သိန်း နှုန်း ပေးအပ်သွားမည်ဖြစ်ပါသည်။
မည်သို့အာမခံထားရှိရမည်နည်း
ဤအားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံအရ အာမခံထားလိုလျှင် KBZ Life ဝန်ထမ်း (သို့မဟုတ်) IKBZ အာမခံ ကိုယ်စားလှယ်များနှင့် ဆက်သွယ်၍ ဖြစ်စေ၊ အွန်လိုင်းစနစ်ဖြင့်ဖြစ်စေ လျှောက်ထားနိုင်ပြီး လျှောက်ထားရာတွင် အောက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်လိုအပ်ပါသည်။
(၁) အဆိုပြုလွှာဖြည့်စွက်ခြင်း
(၂) အားကစားသမား၏ သက်ဆိုင်ရာ
စာရွက်စာတမ်းများစစ်ဆေးခြင်း
(၃) ပရီမီယံကြေးပေးဆောင်ခြင်း
(၄) အဆိုပြုလွှာကိုလက်ခံသည့်အနေဖြင့် အကာအကွယ်ပြုလွှာ (လက်ခံလွှာ) / ပေါ်လစီစာချုပ်ထုတ်ပေးခြင်း
အကယ်၍ အာမခံထားရန်အတွက် လိုက်လံဆောင်ရွက်ပေးရန် လိုအပ်ခဲ့ပါလျှင် ကျွန်ပ်တို့ KBZ Life နှင့် ကိုယ်စားလှယ်များက ဝန်ဆောင်မှုပေးရန် အသင့်ရှိပါသည်။
KBZ Life နှင့် မည်သည့် ကိုယ်စားလှယ်ကို မဆိုဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ ကိုယ်စားလှယ်မှ အာမခံထားခြင်းပြီးဆုံးသည်အထိ လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
မည်သို့လျှော်ကြေးတောင်းခံရမည်နည်း
အကယ်၍ ကံကြမ္မာဆိုးတစ်ခုခု ကျရောက်ကြုံတွေ့လာပါက စိုးရိမ်ပူပန်မှုများကို ကျွန်ပ်တို့ထံ ပေးပို့လိုက်ပါ။ သို့ရာတွင်
အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံထားသည့် အားကစားသမားတစ်ဦးဦးသည် အာမခံသက်တမ်းအတွင်း သေဆုံးခြင်း၊ ဒါဏ်ရာရရှိခြင်း ဖြစ်ပွားခဲ့ပါက ကျွန်ပ်တို့ထံသို့ ချက်ချင်းအကြောင်း ကြားပေးရန်သာရှိပါမည်။ သို့မှသာ KBZ Life ရုံး (သို့) KBZ Life ကိုယ်စားလှယ် (သို့) KBZ Life ဝန်ထမ်းတစ်ဦးဦးမှ လျော်ကြေးတောင်းခံမည့် ကိစ္စရပ်များအတွက် ညွှန်ပြကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။
လိုအပ်သော ဆေးစစ်ချက်စာရွက်စာတမ်းအထောက်အထားများ ပေးပို့ပေးရမည် ဖြစ်ပါသည်။
KBZ Life က လျော်ကြေးတောင်းခံရာတွင် အလျင်အမြန်ပေးလျော်နိုင်ရန်အတွက် အကူအညီများအား ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
Copyright © 2019 IKBZ Life - All Rights Reserved.