For our valued customers, KBZ LIFE has been introduced easy and fast to buy online policy servicing platform.
Step 1
Calculate Premium
Please choice your desire insurance product and our system will automatically calculate the premium amount for you
Step 2
Fill Personal Information Details
Kindly fill your personal information details to proceed further.
Step 3
Make Online Payment to buy policy
When you have filled your information, you can make online payment to buy policy.
KBZ Life Insurance was incorporated in September 2012. It started as part of IKBZ Insurance providing both general and life insurance services. In June 2019, IKBZ separated the business into two different entities -- KBZ General and KBZ Life. While KBZ General formed a joint venture with Mitsui Sumitomo Insurance Group (MSIG) and changed the company's name into KBZMS specializing in general insurance business...
See MoreYangon, Myanmar.
ညီမတို့ဆိုရင် Miss Universe Activities အနေနဲ့ ခရီးတွေရော အပြင်တွေရော တောက်လျောက်ထွက်ရတာ ၊ အခုနောက်ပြိုင်ပွဲအဆင့်ဆင့်အတွက်ဆို ခရီးတွေပိုပြီးသွားရတော့မှာဆိုတော့ ကိုယ့်ကိုယ်ကိုယ် Safe ဖြစ်အောင် KBZ Lifeရဲ့ Travel Insurance ဝယ်ထားတယ်။ သူက Online ကနေ အလွယ်တကူ ဝယ်လို့ရတော့ ညီမဆိုရင် ဖုန်းနဲ့ပဲ သွားခါနီး ဝယ်ဖြစ်တယ်။ ကိုယ့်အတွက် Cover ဖြစ်အောင်လို့၊ စျေးမကြီးဘူးနော် တစ်ရက်မှ မြန်မာငွေ ၁၀၀ ကျပ်ကစပြီး ကိုယ်ကြိုက်တဲ့ ပမာဏရွေးဝယ်လို့ရတယ်။ ၁၀၀ကျပ် ဆို ၅သိန်းအကာကွယ်ရတယ်။ သိန်း ၁၀၀ အထိ အကာကွယ် ကြိုယူထားလို့ရတယ်။ KBZ Life ရဲ့ Travel Insurance က ခရီးသွားမှ မဟုတ်ဘူး။ နေ့စဉ်သွားတဲ့ လမ်းခရီးတစ်လျှောက်အတွက်လည်း ဝယ်လို့ရတယ်။ ယာဉ်အားလုံးဝယ်လို့ရတာဆိုတော့ ကိုယ့်အတွက်စိတ်ချရတာပေါ့။
Vivo Myanmar Co.,Ltd တွင် တာ၀န်ထမ်းဆောင်နေသော ဦးဟိန်းမင်းဦးသည် ဆိုင်ကယ် မတော်တဆဖြင့် ဘယ်ဘက်ညှပ်ရိုးကျိုးသွားပါသည်။ ထို့ကြောင့် KBZ Life Insurance Co.,Ltd မှ ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် လျော်ကြေးငွေကျပ် ( ၁၀ သိန်း ) အားစောင့်ဆိုင်းစရာ မလိုဘဲ အဆင်ပြေစွာ လက်ခံရရှိခဲ့ပါသည်။ Vivo Mobile Myanmar Co.,Ltd မှ KBZ Life Insurance Co.,Ltd အားကျေးဇူးတင်ရှိပါသည်။
Yangon, Myanmar.
ကျွန်တော့နာမည်ကတော့ တင်လင်းဝေပါ။ အလုပ်က ရုံးခန်းထဲမှာဘဲ လုပ်နေရတာ ဆိုပေမယ့် Personal Accident Insurance ကို ကျွန်တော်ထားဖြစ်ခဲ့ပါတယ်။ အဓိက ထားဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ မမြင်နိုင်တဲ့ ထိခိုက်မှုတွေဆိုတာ ရှိလာနိုင်တယ်လို့ ထင်မြင်မိလို့ပါ။ ဥပမာ ကျွန်တော်တို့ ယောကျာ်းလေးတွေဆို အားလပ်ချိန်တွေမှာ ဘောလုံးကန်ကြတာမျိုး စက်ဘီးစီးကြတာမျိုး လုပ်လေ့ရှိကြတယ်လေ။ ဒီလိုအချိန်မှာ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ထင်တယ်။ သွင်းရတဲ့ premium ကြေးကလဲ ၂၀၀၀၀ မပြည့်တဲ့ ပမာဏဆိုတော့ ကျွန်တော့်အတွက် အကာအကွယ်လဲ ရနိုင်မယ်လို့ ယူဆလို့ ထားဖြစ်ခဲ့ပါတယ်။ Personal Accident Insurance က လူတိုင်းအတွက်ထားသင့်တဲ့ Insurance တစ်ခုလို့လည်းကျွန်တော်မြင်တယ်။
Yangon, Myanmar.
ကျွန်တော်ကတော့ အသက် ၂၈နှစ် ကုမ္ပဏီဝန်ထမ်းတစ်ယောက်ပါ ။ KBZ Life ကနေ Personal Accident (ကိုယ်အင်္ဂါထိခိုက်မှုအာမခံ) လွန်ခဲ့တဲ့သုံးလက ဝယ်ယူထားခဲ့ပါတယ်။ တစ်နေ့ အသိတစ်ယောက်ဆီက ရေချိုးခန်းထဲချော်လဲပြီး ဒူးနည်းနည်းပြဲလို့ Claim ၃၀,၀၀၀ကျပ် ရတယ်ဆိုလို့ကြားလိုက်မိတယ်။ သူကလည်း တစ်နှစ်စာလုံးမှ အပြတ်၇,၀၀၀ပဲသွင်းပြီးတာဆိုလို့ တော်တော်အံ့သြသွားခဲ့တယ်။ ကျွန်တော်ကတော့ အာမခံထားငွေ သိန်း (၁၀၀)နဲ့ ပရီမီယံကြေး ၇၀,၀၀၀ ရွေးချယ်ဝယ်ယူထားပါတယ်။ သုံးလတစ်ဖြတ်သွင်းလို့ရတာကြောင့် ကျွန်တော်လိုဝန်ထမ်းအတွက် အရမ်းအဆင်ပြေပါတယ် ။ တွက်ကြည့်လိုက်တော့လည်း တစ်လကိုမှ ငါးထောင်ကျော်ပဲဆိုတော့ မုန့်စားသလောက်ကျတဲ့ပမာဏနဲ့ အကာအကွယ်ရောရပြီး ကျွန်တော်တစ်ခုခုဖြစ်ခဲ့ရင်လည်း အနည်းဆုံး (၃)သိန်းကနေ အများဆုံးသိန်း (၁၀၀)ထိရနိုင်တာမို့ ကျွန်တော်မိသားစုအတွက်လည်း အထောက်အကူရနိုင်ပါတယ်။ အရင်ကတော့ အာမခံဆိုတာ လက်တွေ့မှာမလိုဘူး ထားဖို့မလိုဘူးလို့ထင်ခဲ့တာ။ တကယ့် တကယ် ဖြစ်လာလို့ ဘာမှမပြင်ဆင်ထားရင် ကျွန်တော်တို့မှာဘဲ ဆုံးရှုံးရတာမို့ အခြေခံအကာအကွယ်ဖြစ်တဲ့ Personal Accidentလောက်တော့ ထားထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။
Yangon, Myanmar.
ဖုန်းတွေတောင် ထိခိုက်သင့်သလောက် မထိခိုက်အောင်၊ မကွဲအောင် Cover တပ်ပြီး ကိုင်ရသေးတာပဲလေ.. ကျွန်မတို့လဲ လုံခြုံစိတ်ချရအောင် အသက်အာမခံအကာအကွယ်ထားလိုက်တာပါ။ ကျွန်မတို့ တစ်နေ့အသက်ဆုံးရှုံးရမယ်ဆိုတာ ရှောင်လွဲလို့လဲမရနိုင်တာကို လက်ခံထားပြီးသားပါ။ ဒါကြောင့်ကျွန်မတို့ နှစ်ယောက်လုံးမရှိတော့တဲ့ချိန်မှာ နောက်ဆံမတင်းရအောင် သားသမီးတွေ အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် ဝယ်ယူခဲ့တာပါ။ 𝗞𝗕𝗭 𝐔𝐍𝐈𝐕𝐄𝐑𝐒𝐀𝐋 𝗟𝗜𝗙𝗘 က ပရီမီယံကြေးကို ၅သောင်းပဲ တစ်ခါသွင်းပြီး သိန်း(၁၀၀) ဖြည့်လိုက်တာနဲ့ လစဉ်ပရီမီယံကြေး တစ်သက်လုံးထပ်ထည့်စရာမလိုတော့ဘဲ အသက်အာမခံ သိန်း (၃၀၀)ကလဲ ရတဲ့အပြင် အခွန်ကင်းလွတ်ခွင့်လဲရတယ်ဆိုတော့ သဘောကျသွားတာပါ။ ဝယ်ယူပြီးသွားတဲ့အချိန်မှာ အရင်ကထပ်ပိုပြီး safetyဖြစ်သွားတယ်လို့ခံစားရတယ်။ ကျွန်မတို့နှစ်ယောက်ရဲ့ သားသမီးတွေ နောင်ရေးအတွက်လည်း စိတ်ချရတာမို့ သိန်း (၁၀၀) နဲ့ ပေါ်လစီ (၂)စောင်ကို ယုံကြည်စွာ ဝယ်ယူခဲ့တာပါ။
Yangon, Myanmar.
ကြိုမမြင်နိုင်တဲ့ မတော်တဆ ထိခိုက်မှု၊ အန္တရာယ်တွေမှ ကာကွယ်နိုင်ဖို့အတွက် 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗔𝗰𝗰𝗶𝗱𝗲𝗻𝘁 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲 (ကိုယ်အင်္ဂါထိခိုက်မှုအာမခံ) ကို ကိုထိုက်ထိုက်အောင် (U20 ကမ္ဘာ့ဖလား မြန်မာ့ဘောလုံးလက်ရွေးစင်သမားဟောင်း)က ကျပ်သိန်း ၅၀ တန် အာမခံအကာအကွယ် တစ်နှစ်စာ ဝယ်ယူခဲ့တာ ဖြစ်ပြီး အာမခံပေါ်လစီကို ကိုအောင်ဇာနည်ဦး (Dagon University လက်ရွေးစင် ဘောလုံးသမားဟောင်း) က ပေးအပ်ခဲ့တာဖြစ်ပါတယ်.. မြန်မာ့ဘောလုံးလက်ရွေးစင်သမား ကိုထိုက်ထိုက်အောင်လဲ အခုလက်ရှိကစားနေတဲ့ Mahar United Football Club နဲ့အတူ အောင်မြင်မှုများစွာကို ရယူနိုင်ပါစေလို့ 𝐊𝐁𝐙 𝐋𝐈𝐅𝐄 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်..
Yangon, Myanmar.
လစဉ် ပရီမီယံကြေး ၅ သောင်းကို တစ်သက်လုံးသွင်းစရာမလိုတော့တာရယ်၊ 𝗩𝗩𝗜𝗣 Member ဝင်လဲဖြစ်သွားပြီဆိုတော့ ခရီးသွားရတဲ့အချိန်တိုင်း လေဆိပ် 𝗖𝗵𝗲𝗰𝗸 𝗜𝗻 မှာ တန်းစီပြီး စောင့်စရာမလိုတော့ဘူး.. ကိုယ်ထိုင်နေတဲ့နေရာမှာပဲ 𝗖𝗵𝗲𝗰𝗸 𝗜𝗻 လာလုပ်ပေးတယ်.. စီးရမယ့်လေယာဉ်ပေါ်ထိကိုတောင် 𝗣𝗿𝗶𝘃𝗮𝘁𝗲 𝗕𝘂𝗴𝗴𝘆 𝗖𝗮𝗿 နဲ့ လိုက်ပို့ပေးတယ်.. ရန်ကုန်က နာမည်အကြီးဆုံး စားသောက်ဆိုင်တွေ၊ 𝗚𝘆𝗺 တွေနဲ့ ဟိုတယ်တွေမှာလည်း 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗗𝗶𝘀𝗰𝗼𝘂𝗻𝘁 တွေလဲရလို့ 𝐊𝐁𝐙 𝐋𝐈𝐅𝐄 နဲ့ လက်တွဲပြီး သိန်း ၁၀၀ နဲ့ တခါတည်း ဝယ်လိုက်တာပါ။
Yangon, Myanmar.
ကလေးတွေရဲ့ နောင်ရေးအတွက်ရည်ရွယ်ပြီး ငွေစုမယ်ဆိုတဲ့ သဘောနဲ့ သားလေးအတွက် 𝐊𝐁𝐙 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐚𝐥 𝐋𝐢𝐟𝐞 ကို ဝယ်ခဲ့တယ်။ အခု သမီးငယ်လေးအတွက်လဲ ပရီမီယံလစဉ်ကြေးပေးစရာမလိုတဲ့ (𝟓 𝐩𝐥𝐮𝐬 𝟏𝟎𝟎) 𝐊𝐁𝐙 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐚𝐥 𝐋𝐢𝐟𝐞 ကို သိန်း ၁၀၀ ပေးပြီး ဝယ်မံဝယ်ဖြစ်သွားတာပါ။ အနာဂတ်မှာဘာဖြစ်မလဲဆိုတာ ကြိုမသိတဲ့အတွက် သားသမီးတွေ ရှေ့ရေးကို မပူပင်ရအောင် ဖန်တီးပေးထားချင်လို့ KBZ LIFE နဲ့ လက်တွဲ ဖြစ်သွားတာပါ
Yangon, Myanmar.
ရုံးသွားရင် စက်ဘီးနဲ့သွားတာဖြစ်တဲ့အတွက် မတော်တဆ ထိခိုက်မှုဖြစ်ခဲ့ရင် အကာအကွယ်ရအောင် Personal Accident ကို ဝယ်ယူထားတာဖြစ်ပါတယ်။ တစ်နှစ်လုံးမှ ၃၅၀၀ ကျပ်ပဲ ကျသင့်ပြီး ၅ သိန်းထိ အကာအကွယ်ရတဲ့အပြင် online ကလည်း အလွယ်တကူ ဝယ်ယူလို့ရနိုင်တယ်။ ထိခိုက်မှုဖြစ်ခဲ့တယ်ဆိုတောင် ငွေကြေးကာကွယ်မှုတစ်ခုနေနဲ့ ရရှိနိုင်တာမို့ ကျွန်တော့်အတွက်အဆင်ပြေဆုံးဖြစ်မလို့ ဝယ်လိုက်တာပါ။