ပြင်းထန်သောရောဂါကုသမှုအာမခံ

ဤအာမခံ၏ အကြောင်းအရာအချက်အလက်များ

အာမခံထားရှိနိုင်သူများ

အသက် (၆) နှစ်မှ (၆၀) နှစ်အထိ အသက်အုပ်စု ခွဲခြား၍ မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်း တရားဝင် နေထိုင်လျက်ရှိသော နိုင်ငံခြားသားများသည် ဤအာမခံအား ထားရှိနိုင်ပါသည်။

ရရှိနိုင်သည့်အာမခံချက်များ

ဤပေါ်လစီအရ အာမခံသက်တမ်းကာလအတွင်း အာမခံဝယ်ယူထားသော မည်သူမဆို အောက်ပါဖြစ်ရပ်များ အတွက် အကာအကွယ် ပေးပါသည်။

  • သေဆုံးခြင်း
  • ပြင်းထန်သော ရောဂါ ကုသခြင်း
  1.      (၁) ကင်ဆာ
  2.      (၂) လေဖြတ်ခြင်း
  3.      (၃) နှလုံးရပ်ခြင်း
  4.      (၄) နှလုံးအဆို့ရှင် အစားထိုးခြင်း (သို့) ပြုပြင်ခြင်း
  5.      (၅) လမ်းကြောင်းလွှဲ၍ နှလုံးခွဲစိတ်ကုသခြင်း
  6.      (၆) ကျောက်ကပ်ပျက်စီးခြင်း
  7.      (၇) ဘက်တီးရီးယားကြောင့် ဖြစ်သော ဦးနှောက် အမြှေးရောင်ခြင်း
  8.      (၈) သတိမေ့ခြင်း
  9.      (၉) အစားထိုးကုသခြင်း
  10.      (၁၀) ပြင်းထန်စွာ မီးလောင်ခြင်း

ဤပေါ်လစီအရ အကျုံးမဝင်သောကိစ္စရပ်များမှာ

  • ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန်ဆရာဝန်၏ ထောက်ခံချက်ရရှိထားခြင်း၊ ရောဂါလက္ခဏာ ရှိပြီးသား ဖြစ်နေခြင်း
  • စိတ်ပေါသွပ်ခြင်း၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း
  • ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း
  • အလှအပအတွက်ဖြစ်ခြင်း
  • နားကြားကိရိယာတပ်ဆင်ရန်အတွက်ဖြစ်ခြင်း
  • ကိုယ်ခန္ဓာချို့ယွင်းခြင်း(သို့မဟုတ်) မသန်စွမ်းခြင်း
  • မူးယစ်ဆေးဝါးသုံးစွဲခြင်း
  • ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း
  • HIV/AIDS ဖြစ်ခြင်း
  • အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့် စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့သောတိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်) အာဏာသိမ်းခြင်းနှင့် ဖေါ်ပြပါအဖြစ်အပျက်တစ်ခုခု၏ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ မည်သည့် မတော်တဆဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)
  • လိမ်လည်တောင်းခံခြင်း
  • မိမိကိုယ်ကိုသတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင် ပြုလုပ်ခြင်း
  • အာမခံစတင်သည့်နေ့ (သက်တမ်းဆက်ထားသည့်စာချုပ်ဖြစ်ပါက သက်တမ်းမဆက်မီစာချုပ်၏ အာမခံစသည့်နေ့) မှစပြီး ရက်ပေါင်း ၉၀ အတွင်း ရောဂါအမည် သတ်မှတ်ခံရသည့် ကင်ဆာဖြစ်သော အလုံးအကျိတ်ကို ကုသခြင်း
  • အက်ပီသီလျှမ်အလွှာအတွင်း အလုံးအကျိတ်၊ အရေပြား၊ အသက်ရှု၊ အစာနှင့် ဆီးလမ်းကြောင်းတို့၏ အခေါင်းအင်္ဂါလမ်းကြောင်း အားလုံးရှိ အက်ပီသီလျှမ်ဆဲလ်အလွှာတွင် အလုံးအကျိတ် ဖြစ်ပွားခြင်း။

အာမခံဝယ်ယူခွင့်ရှိသူများ

မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်း တရားဝင် နေထိုင်လျက်ရှိသော နိုင်ငံခြားသားများသည် ဤအာမခံအား ဝယ်ယူထားရှိနိုင်ပါသည်။


အာမခံသက်တမ်း

အာမခံသက်တမ်းမှာ ၁ နှစ် ဖြစ်ပါသည်။ (နှစ်စဉ်သက်တမ်းတိုးထားရှိနိုင်ပါသည်။)

ပရီမီယံနှုန်းထား

၁ ယူနစ်မှ ၁၀ ယူနစ်အထိ ၀ယ်ယူနိုင်ပါသည်

  • • တစ်ဦးချင်း- ၁ယူနစ် ပရီမီယံနှုန်းထားများမှာ တစ်နှစ်လျှင် အနည်းဆုံး ကျပ် ၈,၈၀၀ မှ အများဆုံး ကျပ် ၃၇,၄၀၀

(အသက်အရွယ်နှင့် ပရီမီယံ ပေးသွင်းမှုပေါ် ပုံစံပေါ်မူတည်၍ ပရီမီယံနှုန်းထား ပြောင်းလဲနိုင်ပါသည်။)

ပရီမီယံကြေးပေးသွင်းခြင်း

တစ်ဦးတည်း - တစ်လုံးတည်းပေး၊ ၆လ တစ်ကြိမ်ပေး


အကျိုးခံစားခွင့်များ

သေဆုံးခြင်း - ၁ ယူနစ်အတွက် ၁၀ သိန်းကျပ်

ပြင်းထန်သော ရောဂါ ကုသခြင်း - ၁ ယူနစ်အတွက် ၁၀ သိန်းကျပ်


ပြင်ဆင်မှုများ

အာမခံထားရှိစဉ် အကြောင်းအရာများနှင့် ပတ်သက်သော အပြောင်းအလဲတစ်ရပ်ရပ် ဖြစ်ပေါ်ခဲ့ပါက ကျွန်ုပ်တို့၏ KBZ LIFE ရုံး (သို့) KBZ LIFE ကိုယ်စားလှယ်သို့ ပြင်ဆင်မှုများ ပြုလုပ်နိုင်ပါရန် အကြောင်းကြားရပါမည်။ ဥပမာအားဖြင့် -

  • • အကျိုးခံစားခွင့်လွှဲပြောင်းပေးထားသူ ပြောင်းလဲခြင်း
  • • အခြားအချက်အလက်များပြောင်းလဲခြင်း (နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ် စသည်ဖြင့်)

မည်သို့အာမခံထားရှိရမည်နည်း။

ဤပြင်းထန်သောရောဂါကုသမှုအာမခံထားလိုလျှင် KBZ Life ဝန်ထမ်း (သို့မဟုတ်) KBZ LIFE အာမခံ ကိုယ်စားလှယ် များနှင့် ဆက်သွယ်၍ဖြစ်စေ၊ အွန်လိုင်းစနစ်ဖြင့်ဖြစ်စေ လျှောက်ထားနိုင်ပြီး လျှောက်ထားရာတွင် အောက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်လိုအပ်ပါသည်။

  • (၁) အဆိုပြုလွှာဖြည့်စွက်ခြင်း
  • (၂) အာမခံထားသူ၏ သက်ဆိုင်ရာ စာရွက်စာတမ်းများစစ်ဆေးခြင်း
  • (၃) ဆေးစစ်ချက် အထောက်အထားများစစ်ဆေးခြင်း
  • (၄) ပရီမီယံကြေးပေးဆောင်ခြင်း
  • (၅) အဆိုပြုလွှာကိုလက်ခံသည့်အနေဖြင့် အကာအကွယ်ပြုလွှာ (လက်ခံလွှာ) /ပေါ်လစီစာချုပ် ထုတ်ပေးခြင်း

အကယ်၍ အာမခံထားရန်အတွက် လိုက်လံဆောင်ရွက်ပေးရန် လိုအပ်ခဲ့ပါလျှင် ကျွန်ပ်တို့ KBZ Life နှင့် ကိုယ်စားလှယ်များက ဝန်ဆောင်မှုပေးရန် အသင့်ရှိပါသည်။ KBZ Life နှင့် မည်သည့် ကိုယ်စားလှယ်ကို မဆိုဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ ကိုယ်စားလှယ်မှ အာမခံထားခြင်းပြီးဆုံးသည်အထိ လိုက်လံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။


မည်သို့လျော်ကြေးတောင်းခံရမည်နည်း။

အကယ်၍ မမျှော်လင့်သော ဘေးအန္တရာယ်ကြုံတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ငွေကြေးအကာ အကွယ် စိုးရိမ်ပူပန်မှုများကို ကျွန်ုပ်တို့ထံ လွှဲပြောင်းပေးပို့လိုက်ပါ။ KBZ LIFE ရုံး (သို့)KBZ LIFE ကိုယ်စားလှယ် (သို့) KBZ LIFE ဝန်ထမ်းတစ်ဦးဦးမှ လျော်ကြေးတောင်းခံ ရာတွင်လိုအပ်သည့် ကိစ္စရပ်များအတွက် ညွှန်ပြကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် KBZ LIFE ပြင်းထန်သောရောဂါကုသမှုအာမခံထားသူတစ်ဦးဦးသည် အာမခံသက်တမ်းအတွင်း သေဆုံးခြင်း၊ ဆေးရုံ တက်ကုသရခြင်း ဖြစ်ပွားခဲ့ပါက ကျွန်ုပ်တို့ထံ ချက်ခြင်းအကြောင်းကြားပေးရန်သာရှိပါသည်။

  • • အာမခံစာချုပ်မူရင်း၊
  • • လျော်ကြေးတောင်းခံလွှာ၊
  • • ဆရာဝန်၏ ထောက်ခံချက်၊
  • • ကုသစရိတ်ပေးချေခဲ့သည့် ငွေရပြေစာများ၊
  • • ဆေကုသမှုမှတ်တမ်း
  • • အကယ်၍ သေဆုံးမှုလျော်ကြေးတောင်းခံပါက သေစာရင်း

KBZ LIFE ကလျော်ကြေးတောင်းခံရာတွင် အလျင်အမြန်ပေးလျော်နိုင်ရန်အတွက် အကူအညီများအားထောက်ပံ့ ပေးသွားမည် ဖြစ်ပါသည်။